Archive for the ‘Uncategorized’ Category

လက်ထပ်ပွဲကျင်းပပြီးနောက် မိန်းကလေး၏မိဘများက သမက်ဖြစ်သူအား ဆုံးမစကား ပြောကြားလေသည်။
ဖခင်။…..။ငါတို့သမီးလေးက အရမ်းလိမ်မာတယ်….
သမက်။…..။ဟုတ်ကဲ့….
ဖခင်။…..။အပြောအဆို ချိုသာပြီး ယဉ်ကျေးသိမ်မွေ့ ပါတယ်…..
သမက်။…..။ကျွန်တော်သိပါတယ်….
ဖခင်။…..။ဒါကြောင့် ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပါ။ ရန်ဖြစ်တာတွေ မကြားချင်ဘူး….
သမက်။…..။စိတ်ချပါခင်ဗျ…
ဖခင်။…..။တစ်ခုတော့ ကြိုတင် မှာထားချင်တယ်။ သည်းခံပါမယ်လို့လည်း ကတိပေးစေချင်တယ်…
သမက်။…..။ဟုတ်ကဲ့ပြောပါ။ ကျွန်တော် သည်းခံ ပေါင်းသင်းသွားပါမယ်လို့ ကတိပေးပါတယ်…
ဖခင်။…..။အေးကွာ။ သမီးက ညဘက်ဆို ယောင်တက်ပြီး အိမ်အပြင်ထွက် တွေ့တဲ့အိမ်ပေါ်တက်ပြီး အိပ်တက်လေ့ရှိတာလေးပါပဲ….
သမက်။…..။”ဗျာ”

လူငယ်တစ်ယောက်ပိုက်ဆံပြတ်သဖြင့်ရုပ်ဖျက်ပြီးတောင်းစားရန်ဆုံးဖြတ်လိုက်သည်။

ဟောင်းနွမ်းစုတ်ပြတ်သောအ၀တ်အစားကိုဝတ်ပြီးကုန်းကျော်တံတားသို့ သွားသည်။ အားလုံးမြင်သာသည့်နေရာတွင်ထိုင်ချလိုက်သည်။

ထို့ နောက်ဦးထုပ်ကိုပက်လက်အနေအထားဖြင့်မိမိရှေ့ တွင်ချကာစတောင်းရန်ပြင်သည်။

ထိုအချိန်တွင်ခပ်လှမ်းလှမ်းမှအမျိုးသမီးငယ်တစ်ယောက်လျှောက်လာသည်ကိုမြင်ရသည်။ ဈေးဦးပေါက်တော့မည်ဟုတွေးကာအားတက်သွားသည်။

သို့သော်အနားရောက်လာတော့မှမိမိချစ်သူမှန်း သိကာခြေဖျားလက်ဖျားတွေအေးစက်သွားသည်။ ထပြေးချင်သည်။အချိန်မရှိတော့…

အမျိုးသမီးသည်လူငယ်ရှေ့တွင်လာရပ်ပြီးသူ့မျက်နှာကိုသေသေချာချာစိုက်ကြည့်သည်။
ထို့ နောက်အံ့သြသံဖြင့်ပြောသည်။

 …..ရှင့်ကိုကြည့်ရတာကျွန်မရဲ့ အမျိုးသားနဲ့ အရမ်းတူတာပဲ..တူတာမှချွတ်စွတ်ပါပဲရှင်…. Wo

အသံကိုထိန်းပြီးလူငယ်ပြန်ပြောသည်..

 …..ခင်ဗျားလူမှားလို့ ဖြစ်ပါလိမ့်မယ်…. auu

…..ဖြစ်နိုင်ပါတယ်..ဒါပေမယ့်သေချာအောင်သူ့ အိမ်မှာရှိမရှိသွားကြည့်လိုက်ပါဦးမယ်…. huwe

အမျိုးသမီးထွက်သွားသည်နှင့်လူငယ်သည်အရင်ဦးအောင်အိမ်သို့ ပြေးသည်။ ရောက်ရောက်ချင်းကမန်းကတမ်းရေချိုးပြီးအ၀တ်အစားလဲသည်။

မကြာမီအမျိုးသမီးရောက်လာသည်။

လူငယ်ကိုတွေ့ သောအခါသံသယရှိသေးသောအသံဖြင့်ပြောသည်။

…..ရှင်နဲ့ အင်မတန်တူတဲ့သူတောင်းစားတစ်ယောက်ကိုကုန်းတံတားမှာ ကျွန်မခုပဲတွေ့ ခဲ့တယ်ရှင့်….. Notice


……ခင်ဗျားလူမှားတာပါလို့ မင်းကိုကိုယ်ပြောပြီးပြီပဲ….. hum

Welcome to WordPress. This is your first post. Edit or delete it, then start blogging!

Funny Videos
Myanmar Joke