ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။

- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။

- တော်ဝင်ဆန်ရမည် ။

- လိင် သဘောသဘာဝ ပါရှိရမည်

- လျို့ဝှက်ဆန်းကြယ်ရမည် ။

ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

*“ဆုရသွားသောဝတ္တုတို”

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည် ။

ခရီးထွက်လာသော လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသည့်နောက် သူနေရမည့် အခန်းသို့ ၀င်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာတစ်လုံးကို တွေ့သော အခါ ၀မ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။ ဒါပေမယ့် email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ။

မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော မုဆိုးမ တစ်ယောက် email စစ်နေသည်။ ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရော email ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။

သူ့အမေဖွင့်ထားသော email မှာ

သို့
အချစ်ကလေး

အကြောင်းအရာ။ ကောင်းကောင်းမွန်မွန်ရောက်ရှိကြောင်း
နေ့စွဲ။ ၅ သြဂုတ် ၂၀၀၈

အချစ်ကလေးရေ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား။ သူတို့ မောင့်ကို ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပေးပို့တယ်။ မောင်အခုပဲ ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ်။ မနက်ဖြန်ရောက်လာမဲ့ အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။

မနက်ဖြန်တွေ့ကြရအောင်နော်

ချစ်တဲ့
မောင်

အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတရ်… အမြဲတမ်းသူ့ကိုဦးစားပေးတရ်…သူက

သားဦးကို… နောက်တော့ သူလည်းညီလေးတစ်ယောက် ထပ်ရလာပါရော.. အဲဒီအချိန်က

စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တရ် … တနေ့ညမှာ

သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတရ်… ညကျတော့

ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်း သူ့အမေရဲ့ နို့ကို

သွားပက်ထားလိုက်တရ်… အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင်

သေသွားရောဗျာ.

ဆရာမ – ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ – ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။

ဆရာမ – အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။

ဂျော်နီ – ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။

ဆရာမ – အင်း မေး။

ဂျော်နီ – အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။ တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။

ဆရာမ က ရှက်ရှက် နှင်.

ဆရာမ – အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။

ဂျော်နီ – မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။ ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။

 

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “ကျွန်တော်ဂုဏ်ယူတယ်ဗျာ။ ကျွန်တော့သားက ဆေးတက္ကသိုလ်မှာလေ”
မိတ်ဆွေ ~ “ဟုတ်လား။ သူက ဘာတွေ လေ့လာနေတာလည်းဗျ”
အာဘန်း ~ “သူကလေ့လာနေတာ မဟုတ်ဘူးဗျ။ လုတွေက သူ့ကို လေ့လာနေကြတာ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “ဆရာရယ် ကျွန်တော်လေ ညတိုင်း ဘောလုံးကစားနေတယ်လို့ အိပ်မက်မက်နေတယ်”
ဆရာဝန် ~ “ဒီဆေးလေးသာ သောက်လိုက်ပါ။ ခင်ဗျား အဆင်ပြေသွားလိမ့်မယ်”
အာဘန်း ~ “မနက်ဖြန်မှ သောက်လို့ရလား ဆရာ။ ဒီညက ဖိုင်နယ်ပွဲမို့ပါ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “ငါသေရင် မင်းနောင်အိမ်ထောင်ပြုမှာလား မိန်းမ”
အာဘန်းရဲ့ဇနီး ~ “မပြုပါဘူးရှင်။ ကျွန်မညီမနဲ့ပဲ သွားနေတော့မှာပေါ့။ ဒါနဲ့
ကျွန်မသေရင်ရော ရှင်နောက် အိမ်ထောင်ပြုမှာလား”
အာဘန်း ~ “ငါလည်း မပြုပါဘူးကွာ။ ငါလည်း မင်းညီမနဲ့ပဲ သွားနေတော့မှာပေါ့”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “လူတွေက ငါ့ကိုဘုရားလို့ ထင်ကြတယ်ကွ”
အာဘန်းရဲ့ဇနီး ~ “ရှင်က ဘယ်လိုလုပ်ပြီး သိတာတုန်း”
အာဘန်း ~ “ငါဒီနေ့ ပန်းခြံထဲသွားတော့ လူတိုင်းက “ဘုရား ဘုရား ခင်ဗျားလာပြန်ပြီ”
လို့ ပြောကြတယ်ကွ”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်းက ရဲအရာရှိကို တိုင်ကြားနေပါတယ်။
“ရဲအရာရှိကြီးရယ် ကျွန်တော့်အိမ်မှာ TV ကလွဲလို့ တခြားဘာပစ္စည်းမှ မကျန်တော့ဘူး”
ရဲအရာရှိ ~ “သူခိုးက TV ကိုတော့ ဘာလို့များ ယူမသွားပါလိမ့်”
အာဘန်း ~ “ကျွန်တော်က TV မှာပြတဲ့သတင်း ကြည့်နေတာကိုး”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

ကျောင်းနေတုန်းကအချိန်တွေမှာ အာဘန်းကို ဘယ်လိုပုံစံနဲ့ အမှတ်ရနေပါသလဲ?
အားဘန်းဟာ ဆရာမ ကျောက်သင်ပုန်းကို ဖျက်တိုင်း သူ့မှတ်စုစာအုပ်ထဲက စာတွေကို
ခဲဖျက်နဲ့ လိုက်ဖျက်ပစ်တတ်တဲ့သူပေါ့။

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်းဟာ ဘားဆိုင်တစ်ဆိုင်ထဲမှာ ထိုင်နေတုန်း သူ့ဆယ်လူလာဖုန်းက မြည်လာပါတယ်။
သူက ကောက်ကိုင်လိုက်ပြီး “ဟယ်လို ငါ ဒီမှာရှိနေတာကို မင်းဘယ်လိုလုပ်သိလဲဟင်”
လို့ မေးလိုက်ပါတယ်။

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်း ~ “ဘာလို့အဲဒီလူတွေအားလုံး ပြေးနေကြတာလည်း”
ဘေးကလူ ~ “ဒါပြိုင်ပွဲလေ။ နိုင်တဲ့သူက အဲဒီဆုဖလားကို ရမှာပေါ့”
အာဘန်း ~ “နိုင်တဲ့သူတစ်ယောက်ပဲ အဲဒီဆုဖလားကိုရမှာကိုများ တခြားလူတွေက
ဘာလို့များ ပြေးနေကြတာလည်း”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

အာဘန်းက သူ့ရဲ့အစေခံလေးကို ပြောလိုက်ပါတယ် “ပန်းပင်တွေ ရေသွားလောင်းစမ်း”
အစေခံလေး ~ “အပြင်မှာ မိုးတွေရွာနေပါပြီ ဆရာ”
အာဘန်း ~ “အဲဒါဘာဖြစ်လည်း။ ထီးယူပြီး သွားလေ…”

☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻☻

 
ယုံတဲ့သူငယ်ချင်းတွေရော..
> မယုံတဲ့သူငယ်ချင်းတွေရော…ဖတ် ကြည့်ကြနော်..ဟဲဟဲ
> သူငယ်ချင်းတို့ရေ… ကိုယ့်ရဲ့ကံတရားကို သိချင်တယ်ဆိုရင်တော့…

> ဆေးတက္ကသိုလ်(မကွေး)က သူတွေရေးထားတာ…
> ဘယ်လိုကြည့်ရမလဲဆိုတာ ပြောပြမယ်… ကိုယ့်ရဲ့ မွေးရက်ကို
> ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းပါ…..
> ဥမပါ… (အဲလေ..မှားလို့).. ဥပမာ.. သင်သည် ၁၂ ရက်နေ့တွင်မွေးပါက ၃
> ဂဏန်းဇာတာရှင်ဖြစ်သည်။ (ဟဲဟဲ.. ဗေဒင်ဆရာလေသံနဲ့ပြောကြည့်တာ…)
> ကဲ.. ကိုယ့်ရဲ့ ကံကြမ္မာဘယ်လိုလာမလဲဆိုတာ ကြည့်ကြရအောင်နော် .. ငယ်ချင်းတို့… ဟဲဟဲ

> ၂ ဂဏန်းသမားများ
> သင်သည် ဤနှစ်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊
> နှာပွခြင်းတို့ကို နှစ်ရှည်လများ ခံစားရပေအံ့။
> ပညာရေး – နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းပညာကို လေ့လာရတတ်သည်။
> စီးပွားရေး – နှစ်ရှည်လများက အကြွေးများကိုပြန်ရကိန်းရှိသည်။
> အချစ်ရေး – နှမချင်းမစာနာတတ်သူ၏ ဆွဲလားရမ်းလားလုပ်ခံရတတ်သည်။
> ယတြာ – မိမိနှာခေါင်းနှစ်ပေါက်ကို လက်နှစ်ချောင်းဖြင့်ပိတ်၍
> အချစ်ဆုံးသူငယ်ချင်းကို မျက်နှာချင်းဆိုင်ကြည့်ကာ ” နင့်သတင်းတွေ
> ငါကြားနေရတယ် ” ဟု မဲ့ကာရွဲ့ကာဖြင့် မာန်ပါပါပြောပါလေ။

> ၃ ဂဏန်းသမားများ
> ကိုယ့်ကိုယ်ကို သုံးမရဘူးဟုထင်ပြီး စိတ်ဓါတ်ကျနေတတ်သည်။ သံစူးခြင်း၊
> သန်းတွယ်ခြင်း၊ သေးမထွက်ခြင်းတို့ကို ခံစားရတတ်သည်။
> ပညာရေး – အသုံးမကျအောင်နေထိုင်နည်းကို ဆရာသမားသုံးဦးမှ လမ်းညွှန်တတ်သည်။
> စီးပွားရေး – သူခိုးခိုးခံရတတ်သည်။ တန်ဖိုးရှိပစ္စည်းကို ပစ္စလတ်ခတ်သိမ်းထားပါ။
> အချစ်ရေး – သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တတ်သည်။
> သုံးဘီးကားမောင်းသူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
> ယတြာ – တစ်ကိုယ်လုံးဆေးနီတို့ပါ။ ပြီးလျှင် လမ်းသုံးခွဆုံရာသို့သွား၍
> ခြေတစ်ဖက်ကို ထောက်ရပ်ကာ
> လက်နှစ်ဖက်ကိုလေထဲသို့ဆန့်တန်းပြီးခေါင်းငိုက်စိုက်ချထားပါ။
> လည်ပင်းတွင်အောက်ပါ ဂမ္ဘီရအနောက်တိုင်းအင်းချပ်ကိုဆွဲထားပါ။
> လူတကာ၏မေတ္တာစေတနာကို ခံစားရပါလိမ့်မည်။
> HIV (+)

> ၄ ဂဏန်းသမားများ
> လက်အောက်ငယ်သားများ၏ မလေးမခန့်လုပ်ခြင်းကို အောင့်သက်သက်ခံရတတ်သည်။
> လိပ်ခေါင်းထွက်ခြင်း၊ လက်တုန်ခြင်း၊ လှုပ်မရခြင်းတို့ဖြစ်တတ်သည်။
> ပညာရေး – လစ်လျှင်လစ်သလိုကြိုးစားပါ။
> လွယ်လွယ်ကူကူအောင်မြင်ပါလိမ့်မည်။ လေးစားအောင်နေ၍
> ကွယ်ရာတွင်မဟုတ်တာမှန်သမျှလုပ်သောပညာရပ်ကို သင်ကြားရတတ်သည်။
> စီးပွားရေး – အလစ်သုတ်ခံရတတ်သည်။ ဈေးဝယ်လျှင် အလေးခိုးခံရတတ်သည်။
> အချစ်ရေး – လေးလုံး(မျက်မှန်တပ်သူ) တစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
> မုဆိုးဖို၊ မုဆိုးမတစ်ဦး၏ လေးစားစွာဖြင့် ချစ်ခွင့်တောင်းခံရတတ်သည်။
> ယတြာ – လစ်ပိုတစ်လုံးသောက်ပြီး လိပ်ဥ(၄၄)လုံးစားကာ
> လေးထပ်တိုက်ပေါ်မှနေ၍ လေးဘက်ထောက်၍ ” အားလုံးကို လေးစားပါတယ် ” ဟု
> အသံဝါကြီးဖြင့်လေးကြိမ်တိတိအော်ပါ။

>
> ၅ ဂဏန်းသမားများ
> ဘ၀တစ်သက်တာတွင် ရေလိုက်ငါးလိုက်အနေရဆုံးဖြစ်သည်။
> အမြင့်ရောက်ကိန်းရှိသည် ( ဥပမာ- ငါးထပ်တိုက်ပေါ်)။
> ပညာရေး – ငါးပါးသီလကို စနစ်တကျချိုးဖောက်သော ပညာရပ်ကိုတတ်မြောက်လိမ့်မည်။
> စီးပွားရေး – ငါးစိမ်းသည်အလုပ်ဖြင့် အကျိုးပေးမည်။
> အချစ်ရေး – ငှက်ဆိုးထိုးသံကဲ့သို့ အသံရှိသူနှင့်ဖူးစာဆုံတတ်သည်။
> ငါးခူပြုံးပြုံးတတ်သူ ငါးဦး၏ အီစီကလီလုပ်ခြင်းကို ငါးရက်ခန့်
> သည်းခံရတတ်သည်။
> ယတြာ – ငါးကြော်ဝယ်စားပြီး ငါးယောက်မြောက်တွေ့သည့်ကောင်မလေးကို
> ငါးမန်းအကြည့်ဖြင့်ကြည့်၍ “ကကြီးဖင်မှာ ပွေးတွေနဲ့၊ ခခွေးဖင်မှာ
> ပွေးတွေနဲ့၊ ” ဟူ၍ “က”မှ “င” အက္ခရာအထိဆိုပါ။ လက်တွေ့ဆိုကြည့်ပါ။
> ထူးခြားပါလိမ့်မည်။

>
> ၆ ဂဏန်းသမားများ
> ခြောက်သွေ့စွာ အထီးကျန်ဖြစ်နေတတ်သည်။ ယောက်ျားစင်စစ်မှနေ၍
> ခြောက်သွားခြင်း၊ ခြုံးပွဲချငိုချင်နေခြင်းတို့ဖြစ်တတ်သည်။
> ပညာရေး – ခြုံးခြုံးကျလောက်အောင် ကြိုးစားပါ။ ချက်ချင်းအောင်မြင်မည်။
> နတ်ကတော်သင်တန်း၊ အလှဖန်တီးရှင်သင်တန်းကိုတက်ရတတ်သည်။ ခြောက်လှန့်၍
> ညာစားသောပညာရပ်များတတ်လွယ်သည်။
> စီးပွားရေး – စီးပွားရေးကံကောင်းနေပြီဖြစ်၍ ခြင်းတောင်းရက်ခြင်း၊
> ခြင်ထောင်ချုပ်ခြင်း၊ ခြင်ဆေးခွေထုတ်လုပ်ခြင်းစသည့်လုပ်ငန်းများမှ
> အူခြောက်လောက်အောင် အမြတ်ရရှိမည်။ အကောင်းများပြေပျောက်၍
> အဆိုးများရောက်လာပါလိမ့်မည်။
> အချစ်ရေး – ခြောက်နေသောချစ်သူနှင့် ခြောက်ရက်ကြာစကားများရတတ်သည်။
> တက်မတတ်၊ ချက်မတတ်ငိုတတ်သူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။ ချစ်သူ၏
> နာကျည်းမှုဖြင့် ခြောက်လုံးပြူးနှင့် အပစ်ခံရတတ်သည်။
> ယတြာ – ချုံထဲတွင် ချိန်းတွေ့နေသာ ချစ်သူနှစ်ဦး၏ကြားထဲသို့
> ၆ကျပ်သားခန့် ရှိသော ချီးထုပ်ကိုပစ်ထည့်ပြီး “အချား.. အချား” ဟု အော်၍
> အာခြောက်သည်အထိ ပြေးပါ။

>
> ၇ ဂဏန်းသမားများ
> အခွန်မဆောင်နိုင်သဖြင့် အဖမ်းခံရတတ်သည်။ မျက်ခွံဖွင့်မရခြင်း၊
> ခွံ့ကျွေးမှစားနိုင်ခြင်း၊ ခါးနာခြင်း၊ ခွက်လက်ဆွဲချင်စိတ်ပေါက်နေခြင်း၊
> ခုနှစ်ရက်သားသမီး၏ သတ်ပစ်ချင်လောက်အောင် မေတ္တာထားခြင်းကို ခံရတတ်သည်။
> ပညာရေး – ခိုးချမရဖြစ်တတ်သည်။ ခိုးကူးနေစဉ် အခန်းစောင့်ဆရာမမှ
> လက်ပူးလက်ကြပ်မိတတ်သည်။ ခုနှစ်ရက်သားသမီးကို ဒုက္ခပေးသော အတတ်ကိုရတတ်သည်။
> အချစ်ရေး – ခုနှစ်သက္ကရာဇ်တူတူ မွေးဖွားသူနှင့် ဖူးစာဆုံရမည်။
> ချစ်သူ၏အနှစ်မပါသော အခွံစကားများကို ငြီးငွေ့လာမည်။ ခွက်ထိုးခွက်လန်
> ရယ်တတ်သူတစ်ဦးကို တိတ်တခိုး ချစ်မိလာတတ်သည်။
> ယတြာ – ခုံပေါ်တက်၍ ခါးတောင်းကို မြှေုာက်အောင်ကျိုက်ပြီး မယ်ဒလင်တီးကာ
> အက်ဆစ်အဖွဲ့၏ အခန်း(၇) သင်ခန်းစာသီချင်းကို
> တွံတေးစိုးအောင်ကီးဖြင့်ဆိုပါ။

>
> ၈ ဂဏန်းသမားများ
> ယခုနှစ်လုပ်သမျှ တလွဲဖြစ်လာမည်။ အသည်းရောင်ဘီပိုးစစ်၍ negativeပြရာ
> ၀မ်းသာနေစဉ် HIV positive ၀င်ကြောင်းသတင်းကြားရတတ်သည်။ ချစ်သူထံမှ
> အဖြေရသည့်နေ့တွင် ကိုယ့်ချစ်သူကို မိမိထက်ပိုချစ်သူက ကားတင်ပြေးတတ်သည်။
> ပညာရေး – ရှစ်ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ ခဏခဏပြင်ဝတ်တတ်သော အကျင့်ရမည်။
> စီးပွားရေး – ရှဥ့်မွေးမြူရေးလုပ်ငန်းမှ အမြတ်ရတတ်သည်။
> ခြေရှစ်ချောင်းရှိသော သတ္တ၀ါများ(ဥပမာ-ဂဏန်း၊ ပင့်ကူ) စသည်တို့ကို
> သိပ္ပံနည်းကျ မွေးမြူရင်း သန်းပေါင်းများစွာ(ဆံပင်ထဲတွင်) ချမ်းသာမည်။
> အချစ်ရေး – အရှက်မရှိသူတစ်ဦး၏ ရှိခိုးကာ ချစ်ခွင့်တောင်းခံရတတ်သည်။
> ရှုပ်ပွေသောချစ်သူကြောင့်စိတ်ညစ်ရတတ်သည်။
> ယတြာ – ချစ်သူကို ဥသျှစ်သီးကျွေးပြီး ရှိခိုးကာ ရှက်ပြုံးပြုံး၍
> “shit” ဟု ရက်ရက်စက်စက်အော်ပါ။

>
> ၉ ဂဏန်းသမားများ
> န၀င်းသမားများအဖို့ ယခုနှစ်ဂမ္ဘီရဆန်သော အဖြစ်အပျက်များနှင့်
> ကြုံရတတ်သည်။ အထက်မှ ပုဂိုလ်များ(ထန်းတက်သမား၊ ပန်းရံ) တို့၏
> လာရောက်ဆက်သွယ်မှုကိုခံယူရမည်။ ဓါတ်စီးသူကို ထိမိ၍ဓါတ်လိုက်သည်။
> ဓါတ်တိုင်ပေါ်မှ ဓါတ်မီးသီးသည် သင့်ခေါင်းပေါ်သို့ ဒုတ်ဒုတ်ထိကျတတ်သည်။
> ပညာရေး – ကိုးကွယ်ရာမရှိဖြစ်ပြီး စာမေးပွဲကျတတ်သည်။
> ပတ်ဝန်းကျင်မကောင်း၍ ကံအကြောင်းမလှဖြစ်တတ်သည်။ ကုန်းကုန်းကွကွလုပ်ရသော
> ပညာရပ်ကို သင်ကြားရတတ်သည်။
> စီးပွားရေး – ကုန်သမျှ ပြန်ရမည်။ ရသမျှ ပြန်ကုန်သည်။
> အချစ်ရေး – ကွက်စိတ်ဆရာတစ်ဦးနှင့်
> အိမ်ထောင်ရက်သား(ရက်ပိုင်းမျှသာ)ကျတတ်သည်။
> ကွက်ကြည့်ကွက်ကြည့်လုပ်တတ်သူတစ်ဦးကြောင့် ရင်ခုန်ရတတ်သည်။
> ယတြာ – ကိုကာကိုလာ သောက်နေသူတစ်ဦးကို ကတ္တရာစေးဖြင့်သုတ်၍
> “ကိုးကွယ်ပါ၏” ဟုပြောကာ ကျောကုန်းကို ကုတ်ပေးပါ။

နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး
အများအပြား တက်ရောက်ကြသည်။

အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။
“ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ
သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။ အဲ့ဒီနောက် သူ့ကို
တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့
ပြန်ရောက်လာတယ်။ ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး
လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်”

အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။
“ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း
မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။ တစ်ရက် နှစ်ရက် မမြင်ရဘူး။
သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။ သေတ္တာထဲမှာ
စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။

မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ …
“ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ
တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊
ပန်းကန်လည်း မဆေးနိုင်ဘူး။ တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..
သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်”

မိန်းကလေး တစ်ယောက်အပေါ် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မူက သူရဲ. ရုပ်ရည်ချောမော ပြေပြစ်မူပေါ်မှာ ၁၀၀ ရာခိုင်နူန်း မမူတည်ပါဘူး။ မိန်းကလေးတွေနဲ. တွေတဲ့ အချိန်မှာဘာတွေလုပ်ရမယ်၊ ပြောရမယ် ဆိုတာကို မသိခဲ့ရင်လဲ သင်ဟာ ဘယ်လောက် ချောမော ခန်.ငြားပါစေ မိန်းကလေး တွေ သင့်ကို မခုံမင်တက်ပါဘူး။
အများသောအားဖြင့် ပေါ်ပြူလာဖြစ်သော ယောက်ျားများဟာ မင်းသားတစ်ယောက်လို ချောမော နေတာ ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို.တွေက အပြောကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တယ် စသည့် နေရာများမှာ ကျွမ်းကျင်သူများ ဖြစ်ကျပါတယ်။

အလိုက်သင့်နေတတ်ခြင်း
 
သင်ချစ်တဲ့ မိန်းကလေး တစ်ယောက်နဲ. ရုပ်ရှင်ကြည့်ဖို.ထွက်လာတယ်ဆိုပါစို. ။ သင်က ကားမောင်းနေတယ်၊ အခြေအနေပေးလို. ကားလမ်းပိတ် နေတယ် ရှေ.ဆက်မောင်းလို.မရတော့ဘူး။ ထိုအချိန်က သင်က “ဟ ကားအစုတ်ပလုပ်တွေ ဘာလို. ကိုယ်ဖာသာအိမ်မှာ မနေပဲ ကမြင်းကြောထပြီး လမ်းပေါ်တက်လာကျတာတုန်း၊ လမ်းအစုတ်ပလုပ်ရဲ. ဒီလောက်တောင် ကျဉ်းရသလား” အဲ့သလို ဗျစ်တောက် ဗျစ်တောက် ပြောနေမလား။ ဒါဆို သင့်ဘေး က သင်ချစ်နေတဲ့ မိန်းကလေးက သင့်ကိုဘယ်လိုထင်မလဲ။
အဲ့လိုဗျစ်တောက်ဗျစ်တောက်ပြောမနေပဲ သင်ချစ်တဲ့ ကောင်မလေးကို သင့်ရဲ. အချစ်တွေ ဖွင့်ချလိုက်ပါလား။ ဖွင့်မချရဲသေးရင်လဲ ခဏနေကြည့်မယ့် ရုပ်ရှင်အကြောင်း တွေပြောလို.ရသေးတယ်၊ အဲ့ဒါမှ မဟုတ်ရင် အပျင်းပြေ ရယ်စရာ စကားလေးတွေ ပြောပေါ့။ ဒါဆို သူမ က သင့်ကို အခြေအနေ အချိန်အခါ လိုက်ပြီး ပြောတတ်ဆိုတတ်တယ် ဆိုတဲ့ အမှတ်ပေးသွားပါလိမ့်မယ်။

အပြောချိုခြင်း

သင်ရဲ.ရုပ်ရည်ထက် ဆွဲဆောင်မူရှိတာ တခုရှိတယ်။ သင့်ရဲ.အပြောချိုချိုလေးတွေ ကြောင့် သူမ က သင့်ကို အားထားရတဲ့ သူအနေဖြင့် သတ်မှတ်တတ်ပါတယ်။ သင့်ရဲ. အသံတွေ တုန်နေမယ်၊ အက်နေမယ် ဆို၇င် သင့်၇ဲ. ရာဇ၀င်ဘယ်လောက်ကောင်းပါစေ။ သင့် ကို အထင်ကြီးစိတ် တွေ ပျက်ပြယ် စေနိုင်ပါတယ်။

ဦးဆောင်တတ်ခြင်း

သင်တို.နှစ်ယောက် စားသောက်ဆိုင်တွင် တခုခုစားမယ် လုပ်ချိန်မှာ။ ကောင်မလေး က menu ကြည့်ပြီး တွေဝေနေတယ်ဆိုပါတော့။ ထိုအချိန်မှာ သင်က ‘ဒါဟာ စားကြည့်ပါလား၊ အရမ်းကောင်းတယ် နင်ကြိုက်လောက်တယ်။ ‘ စသဖြင့် ဦးဆောင်မူလေးတွေလုပ်ပြလိုက်ပါတယ်။ သူမ ဘာစားမှန်း မသိဖြစ်နေတာကို ထိုင်ကြည့်မနေနဲ.လေ။

မိန်းကလေးတိုင်းက သူတို.ရဲ. စိတ်ကူးထဲက မင်းသားလေး တွေနဲ. တွေ.ဖို.စိတ်ကူးယဉ်တတ်ကျတယ်။ သင်က မင်းသားလေး မဖြစ်ခဲ့ရင်တောင် အထက်ပါ အချက်လေးတွေနဲ. ကိုက်ညီအောင် နေတတ်ရင် မင်းသားလေး နဲ.တော. စရိုက်ခြင်း နီးစပ်နေပါပြီ။

၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊

၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊

၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊

၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်

အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊

၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊

၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းဆွေးနွေး၊

၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု

ကျွမ်းကျင်သူများပြောကြား၊

၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊

၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊

၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါကလေကောင်းလေသန့်ရနိုင်၊ !!!!!!!!!!!!!

ခရီးသည်တင်လေယာဉ်ကြီး တစ်ဆင်းပေါ်တွင် လေယာဉ်မယ်က ခရီးသည်များအား

သတိပေးစကားပြောလေသည်။

လေယာဉ်မယ်။…။ကျေးဇူးပြုပြီး နားဆင်ကြပါရှင့်။

ခရီးသည်များ။ …..။အားလုံးတိတ်ဆိတ်သွားပြီး လေယာဉ်မယ်ကို လှမ်းကြည့်လိုက်သည်။

လေယာဉ်မယ်။….။ဝမ်းသာစရာစကားနှစ်ခွန်း နှင့် ၀မ်းနည်းစရာစကားတစ်ခွန်း

ပြောကြားခွင့်ပြုပါ။

ခရီးသည်များ။……။ဆက်လက်နားထောင်နေကြသည်။

လေယာဉ်မယ်။…..။ဝမ်းသာစရာစကားကတော့ ပထမအချက်အနေနဲ့ အခုခရီးစဉ်

လေယာဉ်ခများကို အခမဲ့ဆီးနင်းခွင့် ပြုမှာမို့ ငွေများ ပြန်ထုတ်ဖို့ပါပဲ။

ခရီးသည်များ။……။”ဟေး” Good ဟုအော်ကာ ၀မ်းသာသွားကြသည်။

လေယာဉ်မယ်။……။နောက်ထပ်ဝမ်းသာစရာတချက်ကတော့ ခရီးသည်တစ်ဦးကို ဒေါ်လာငွေ

၅၀၀၀ ဆီအပိုထပ်ဆောင်းပေးမှာ ဖြစ်ပါတယ်။

ခရီးသည်များ။……..။”ဟေး” Good ဟုထပ်အော်လိုက်ကြပြန်သည်။

လေယာဉ်မယ်။…….။ဝမ်းနည်းစရာ အရာတစ်ခုကတော့ ကျွှန်မတို့လေယာဉ်

စက်ချွတ်ယွင်းပြီး မြေပြင်ကို ထိုးကျနေပီဆိုတဲ့ စကားပါပဲ ရှင်။

ခရီးသည်များ။………။”ဟင်” ngo Cheesy Cheesy Cheesy Cheesy

Funny Videos
Myanmar Joke